ထိမိဂွိ ငရုပ်သီးစိမ်းငပိချက် Hti Mi Gwi Spicy Chilli Fish Sauce
တမူထူးခြား ထမင်းနှစ်ပန်းကန်အသာလေးကုန်တဲ့ ထိမိဂွိ ငရုတ်သီးစိမ်း ငပိချက်အနှစ် ထိမိဂွိ ဟိဏ်းသစ်ရဲ့ တခါစား တသက်မမေ့တဲ့ ဟင်းချက်နည်းနှင့်ထုတ်ထားတဲ့ ငရုတ်သီးစိမ်းငပိချက်အနှစ်ဖြစ်ပါတယ်။ ထိမိဂွိရဲ့ ငရုတ်သီးစိမ်းငပိချက်ကို စားဖူးကြည့်ချင်တယ်ဆိုရင်တော့ မြည်းစမ်းကြည့်လိုက်ပါဗျ။ တာရှည်ခံဆေးမသုံးခြင်း၊ ဓာတု အရသာအတု၊ အရောင်တုများ မသုံးခြင်း၊ အချိုမှုန့်မသုံးထားခြင်း၊ စားသုံးသူဖက်မှ ခံစားချက်ပြုတ်ထားခြင်း သည် ထိမိဂွိရဲ့ အားသာချက်ဖြစ်ပါတယ်။ လတ်ဆတ်သော၊ သေချာစီစစ်သန့်စင်ထားသော ရေကျိုငပိ၊ ငါးမြစ်ချင်းမီးဖုတ်၊ ငရုတ်သီးစိမ်း၊ နေကြာဆီ၊ ထန်းလျှက်၊ ကြက်သွန်နီ၊ မန်ကျဉ်းသီး၊ ကြက်သွန်ဖြူ နှင့် နနွင်း များကို အချိုးကျကျရောပြီး အရည်အသွေးမှီစက်များဖြင့်သာ ချက်ပြုတ်ထားခြင်းကြောင့် သန့်ရှင်းလတ်ဆတ်မှုကို စိတ်ချယုံကြည်စွာ စားသုံးနိုင်ပါတယ်။ တဗူးကို 350 gram ပါဝင်တာကြောင့် တဗူးနဲ့ဆို ဘောလုံးတသင်းစာလောက်တော့ အေးဆေးစားသုံးနိုင်ပါတယ်